Blogger templates

မြန်​မာနိင်​ငံ​တော်

Myanmar burma flag waving animation

Tuesday, March 10, 2015

ရခိုင်ပြည်နယ် လွှတ်တော် မတ်လ ၁၁​ယေ​န့ရက်နေ့ စတင်မည်


မတ်လ ၁၀ ရက်

ရခိုင်ပြည်နယ် ပထမအကြိမ် လွှတ်တော်၊  ၁၂ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ လွှတ်တော်ကို မတ်လ ၁၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တင်ပြမယ့် အကြောင်းအရာကတော့ ၂၀၁၄ ခုနှစ် ထူးကဲဒီရေတက်တာကြောင့် ပျက်စီးသွားတဲ့ တာတမံတွေကို ပြန်လည် ဆည်ဖို့ရေး ကိစ္စကို တင်ပြသွားပါမယ်။ ဒါက အခု လယ်သမားတွေ အတွက် အထူးအရေးကြီးနေတဲ့ Issue တစ်ခု ဖြစ်နေပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ယင်းပြင် ဆားငန်ရေ ၀င်ရောက်ရာမှ စပါးစိုက် လယ်ဧက မြောက်များစွာ ပျက်စီးသွားသဖြင့် လယ်သမားများ အခက်ကြုံနေရချိန်တွင် စိုက်ဘဏ်မှ ချေးယူထားသော ငွေများကို ပြန်ဆပ်ရန် တောင်းဆိုနေသဖြင့် ရခိုင် လယ်သမားများမှာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြောင်း သိရသည်။

“ ဒီအတွက် စိုက်ဘဏ်ကနေ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ငွေတွေကိစ္စကိုလည်း လျော်မလား၊ မဟုတ်ရင် နောက်နှစ်ထိ အချိန်ပေးနိုင်မလား ဆိုတာကိုလည်း ကျွန်တော်က လွှတ်တော်မှာ တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ အခု လယ်သမားတွေက ချေးငွေကိစ္စနဲ့ အထူး ပူနေကြရပါတယ်” ဟု ဦးအောင်ဝင်းကဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် စတင် ကျင်းပမည့် လွှတ်တော်သို့ တက်ရောက်ရန် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များ စစ်တွေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပေါက်တောမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က “ ကျွန်တော် ဒီတစ်ခေါက် မေးခွန်းမေးမှာက ရခိုင်ရေလုပ်သားတွေကိစ္စ၊ ကျောင်းဆောင်တွေ တိုးချဲ့ရေး ကိစ္စ၊ အနောက်ဖရုံကာကျွန်းမှာ တည်ရှိတဲ့ ဆံတော်ရှင် စေတီအနီးမှာ ရွာ တည်ရေး ကိစ္စတွေကို မေးခွန်းမေးပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ယခု တစ်ခေါက် လွှတ်တော်ကို  မတ်လကုန်ထိ ကျင်းပမည် ဖြစ်ပြီးအကြောင်းအရာများ စုံလင်မည် ဖြစ်ကြောင်း သိရသည်
နိနိရဉ္စသတင်းမှာ​ဖော်​ပြထားပါ​ရေ
Arakan New

0 comments:

Post a Comment