Blogger templates

မြန်​မာနိင်​ငံ​တော်

Myanmar burma flag waving animation

Saturday, March 14, 2015

ရခိုင်​သသတင်းနဲ့ နည်​ပညာတိကိုပြန်​ပြီး​ကေမျှဖို့အတွက်​ပါ


ဖုန်းကိုအလှဆင်ချင်​ရေအမျိုးတိအတွက်​ တင်ပေးလိုက်ပါ​ရေ

ဖုန်းကိုစတိုင်​အမျိုးအမျိုးအလှဆင်​​လို့ရပါ​ရေ ​ဒေ​ဆော့ဝဲမတိနဲ့ ကလိပါ

ပါတယ် ဆော့ဝဲများဒေါင်းန့။ရ်ရန့။ဆာ့ဝဲမျန့ရ်​ရန့။ဝဲများဒေါင်းန့။ရ်​ယရန့။န့။ရ်​ရန့။န့။ရ်​ယရန့။န့။ရ်​ရန့။မျန့။ရ်​ရန့။ဝဲများဒေါင်းန့။ရ်​ယရန့။န့။ရ်​ရန့။န့။ရ်​ယရန့။န့။ရ်​ရန့။>>>>

>>>>> ရော့ ဒီမှာဒေါင်းပီးကလိပေတော့ အကုန်

ပါပါတယ်

ဒါက Root Explorer ပါ>>> http://pc.cd/9CI

ဒါက RAR ပါ>>> http://pc.cd/XxI

ဒါကလုပ်နည်း Apk ပါ>>> http://pc.cd/exI

ဒါက အသဲပုံစံ Battery ပါ>> http://pc.cd/wgI

ဒါက ငှက်ပုံစံ Battery ပါ>>> http://pc.cd/6CI

ဒါကငါးရိုးပုံစံ လိုင်းတိုင်ပါ>> http://m.facebook.com/l.php?u=http%3A%2F%2Fpc.cd%2FgiU&h=SAQHRTap9&s=1&enc=AZNgAY2zpHSYqee6PBklRjDzxNxNd-gHlRBA1kpPJNH68S-4fyftOOiW9V0WzHPFdUF-shcdhnh1G5Oo9vGWazBejYFbaLIcoPD9yBQn5EUEHg

ဒါက ကားပုံစံလိုင်းတိုင်ပါ>>> http://m.facebook.com/l.php?u=http%3A%2F%2Fpc.cd%2FqrU&h=3AQEksZcM&s=1&enc=AZM1wZdbTnjlGUwgCbuKdjiqVkzYhzAMwD3X7LJkWbmAJ5iypYwsuQbGJ_SZfxM2gT2ztURRYnWZS6ywztrsm0gai6UImCzUo3lEsPjOYVnBzw

ဒါကလိပ်ပြာပုံစံ လိုင်းတိုင်ပါ>>> http://m.facebook.com/l.php?u=http%3A%2F%2Fpc.cd%2F6cU&h=KAQF3FwR0&s=1&enc=AZOqFCU0-TZq_tnAbR1tfiC7q6s0q0rEKjGQ830te6ikVjgRV@OO_Yo21K-hbvlTODCEQ3Ncs4Qe0tf3Tl6EdWl4TloQebYU2C5J69W3mnvoIUg

ဒါက လိပ်ပုံစံလိုင်းတိုင်ပါ>>> http://m.facebook.com/l.php?u=http%3A%2F%2Fpc.cd%2F0cU&h=zAQEHzI-Z&s=1&enc=AZNQGuuzfIGp4mFLOGfoOIIdmzpx2EF-JWbI3wu11a_b52tBjG80ft0Cb3BE6X2WzDVm8N7k9XGL_su2TqEhDPWy80DV3SHwon0zXhLimzXjEQ

ဒါကခံတံလိုင်းတိုင်ပါ>>> http://pc.cd/sxa

ဒါကတော့ လိုင်းတိုင်တွေ Battery ပုံစံ

တွေ ဒီထဲမှာ အများကြီးပါပါတယ်

>>>> http://pc.cd/EPI

အဆင်ပြေကြပါစေ...

ကြွက်ပုံစံလိုင်းတိုင်>>> http://pc.cd/FbN

ငါပုံစံလိုင်းတိုင်>>> http://pc.cd/ImN

အသဲပုံလိုင်းတိုင်>>> http://pc.cd/nQN

မျောက်ပုံစံလိုင်းတိုင်>>> http://pc.cd/5YN

ဆေးလုံး§ပုံစံsignal
http://yunpan.cn/cfVvnzqWSyfj2
အရိုးခေါင်းsignal
http://yunpan.cn/cfVvtbsXIwKIt
သဲနာရီbattery
http://yunpan.cn/cfVveb9Yyz4dI
လက်ပုံစံsignal
http://yunpan.cn/cfVv58miXtY5R
စတုရန်းပုံsignal
http://yunpan.cn/cfVvW6NgKa4Yd
စင်္ကြာပုံsignal
http://yunpan.cn/cfVvEP6K6xnTI
စက်ဝိုင်းပုံsignal
http://yunpan.cn/cfVv8Sc9Xp5Gu
ငါးအရိုးsignal
http://yunpan.cn/cfVv2K6ZbPgcA
ဂက်စ်အိုးပုံsignal
http://yunpan.cn/cfVvvsJdjd4v2
ကနုတ်ပုံbattery
http://yunpan.cn/cfVvkJCByRJgn
ကာတွန်းပုံsignal
http://yunpan.cn/cfVvBaweikYa8

Noti မှာ စာရေးမယ် Battery ပုံစံတွေပြောင်းမယ်

setting မှာ background တွေထည့်မယ်

ph ကိုလန်းအောင်ကလိမယ်

လိုအပ်သော apk

Xposed installer file size 230.5 KB

>>> https://www.dropbox.com/s/m3wvtt8mtp1hx2n/xposed%20installer%20%28%20kz%20%29.apk?dl=0

XBlast Tool file size 6.4 MB

>>> https://www.dropbox.com/s/k7ocgl9t8tyyk4a/xblast%20%28%20kz%20%29.apk?dl=0

Xposed Status Bar file size 980.7 KB

>>> https://www.dropbox.com/s/0e3unrrmhm8gp8n/xposed%20status%20bar%20%28%20kz%20%29.apk?dl=0

Xbattery Theme file size 1.3 MB

>>>
https://www.dropbox.com/s/pfvreuybd96dms1/xbattery%20theme%20%28%20kz%20%29.apk?dl=0

Angle Battery Blue file size 5.8 MB

>>> https://www.dropbox.com/s/vmdemktms0ekao3/AngleBattery.Blue%20%28%20kz%20%2ုံးဒေါင်းပါ
အသုံပြုနည်း pdf

နှစ်ခုလုံးဒေါင်းပါ

ဒါက လိုင်းတိုင်ပြောင်း wifi တွေလဲပြောင်း
လို့ရပါတယ်>>> http://pc.cd/z1q

https://www.dropbox.com/s/pzj2qtlghop2q7x/Setting%20%E1%80%99%E1%80%BD%E1%80%AC%E1%80%95%E1%80%AF%E1%80%B6%E1%80%91%E1%80%8A%E1%80%B9%E2%80%8B%E1%80%B7%E1%80%99%E1%80%9A%E1%80%B9%E2%80%8B.pdf?dl=0
A
https://www.dropbox.com/s/lt34rfqzslppcf2/%E1%80%98%E1%80%AC%E1%80%B8%E1%80%B1%E1%80%95%E1%81%9%E1%80%99%E1%80%BD%E1%80%AC%E1%80%85%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%9A%E1%80%B9%5B1%5D.pdf?dl=0

Wednesday, March 11, 2015

အမျိုးတိအတွက်​ hola ဖိုဖိုရ ​ဆော့​တစ်​ခုနဲ့ မိတ်​ဆက်​ပီပါမယ်​ Hola ​software ကပိုက်​ထား​စာတိကို ဖွင့်​လို့ရပါ​ရေ ဥပမာ သီခြင်းတိကို ပိတ်​ထား​ရေဆို​ကေ hola software ထဲမှာဝင်​ပြီး​ကေ နိင်​ငံ​ပြောင်းပြီး​ကေ ဝင်​လို့ရပါ​ရေ ​hola software ကိုသုံးဖို့ root လိုအပ်​ပါ​ရေ​​ဒေမှာ​ဒေါင်းယူပါ

Tuesday, March 10, 2015

ရခိုင်ပြည်နယ် လွှတ်တော် မတ်လ ၁၁​ယေ​န့ရက်နေ့ စတင်မည်


မတ်လ ၁၀ ရက်

ရခိုင်ပြည်နယ် ပထမအကြိမ် လွှတ်တော်၊  ၁၂ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၁ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ လွှတ်တော်ကို မတ်လ ၁၁ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တင်ပြမယ့် အကြောင်းအရာကတော့ ၂၀၁၄ ခုနှစ် ထူးကဲဒီရေတက်တာကြောင့် ပျက်စီးသွားတဲ့ တာတမံတွေကို ပြန်လည် ဆည်ဖို့ရေး ကိစ္စကို တင်ပြသွားပါမယ်။ ဒါက အခု လယ်သမားတွေ အတွက် အထူးအရေးကြီးနေတဲ့ Issue တစ်ခု ဖြစ်နေပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ယင်းပြင် ဆားငန်ရေ ၀င်ရောက်ရာမှ စပါးစိုက် လယ်ဧက မြောက်များစွာ ပျက်စီးသွားသဖြင့် လယ်သမားများ အခက်ကြုံနေရချိန်တွင် စိုက်ဘဏ်မှ ချေးယူထားသော ငွေများကို ပြန်ဆပ်ရန် တောင်းဆိုနေသဖြင့် ရခိုင် လယ်သမားများမှာ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြောင်း သိရသည်။

“ ဒီအတွက် စိုက်ဘဏ်ကနေ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ငွေတွေကိစ္စကိုလည်း လျော်မလား၊ မဟုတ်ရင် နောက်နှစ်ထိ အချိန်ပေးနိုင်မလား ဆိုတာကိုလည်း ကျွန်တော်က လွှတ်တော်မှာ တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ အခု လယ်သမားတွေက ချေးငွေကိစ္စနဲ့ အထူး ပူနေကြရပါတယ်” ဟု ဦးအောင်ဝင်းကဆိုသည်။

မတ်လ ၁၁ ရက်နေ့တွင် စတင် ကျင်းပမည့် လွှတ်တော်သို့ တက်ရောက်ရန် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များ စစ်တွေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပေါက်တောမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က “ ကျွန်တော် ဒီတစ်ခေါက် မေးခွန်းမေးမှာက ရခိုင်ရေလုပ်သားတွေကိစ္စ၊ ကျောင်းဆောင်တွေ တိုးချဲ့ရေး ကိစ္စ၊ အနောက်ဖရုံကာကျွန်းမှာ တည်ရှိတဲ့ ဆံတော်ရှင် စေတီအနီးမှာ ရွာ တည်ရေး ကိစ္စတွေကို မေးခွန်းမေးပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ယခု တစ်ခေါက် လွှတ်တော်ကို  မတ်လကုန်ထိ ကျင်းပမည် ဖြစ်ပြီးအကြောင်းအရာများ စုံလင်မည် ဖြစ်ကြောင်း သိရသည်
နိနိရဉ္စသတင်းမှာ​ဖော်​ပြထားပါ​ရေ
Arakan New
C​ool my droid
ဖုန်းအအီးပီ​ရေ​ဆော့ဝဲ​ချေပါ..  ​အင်းတာနက်​သုံး​ရေအချိန်​ ဂိန်းကဇာတ်​အချိန်​တိမှာ ဖုန်းပူပြီး​ကေစိတ်​ညစ်​နီ​ရေအမျိုးတိအတွက်​ပါ

Arakan new



Monday, March 9, 2015

အမျိုးတိအတွက်

ကချင်မှပြန်လာသူနှစ်ဦး မင်းပြားတွင် ဖမ်းဆီးထိန်းသိမ်းခံရ

စံမောင်သန်း
(စစ်တွေ) မတ်လ ၉ ရက်

ကချင်ပြည်နယ်မှ ပြန်လာသူ ဒေသခံ ရခိုင်အမျိုးသား နှစ်ဦးကို မင်းပြားမြို့နယ်တွင် ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသူနှစ်ဦးမှာ မင်းပြားမြို့နယ် ဒုံးသားကျေးရွာမှ ဦးသိန်းကျော်အောင် (၃၆ နှစ်) (ဘ) ဦးထွန်းစိန်ဦး (မိ) ဒေါ်မညွန့်နှင့် ကိုသန်းဌေးအောင် (၂၂ နှစ်) (ဘ)  ဦးခေါင်းချွန်းဦး (မိ) ဒေါ်အးချေတို့ ဖြစ်ကြောင်း သိရသည်။

သူတို့ နှစ်ဦးသည် ကချင်မှ ပြန်လာသည်မှာ တစ်ပတ်ကျော်ခန့် ကြာပြီးနောက် လွန်ခဲ့သော မတ်လ ၃ ရက်နေ့က သူတို့နေထိုင်ရာ ဒုံးသားကျေးရွာမှ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ယူသွားခဲ့သည်ဟု ဦးကျော်သိန်းအောင်၏ အစ်ကို ဖြစ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ သူတို့ကို ဖမ်းဆီးတယ်ဆိုပေမယ့် ရဲစခန်းထဲမှာ အကျယ်ချုပ် သဘောမျိုး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ စခန်းထဲကနေ အပြင်ကိုတော့ ထွက်ခွင့်မရပါဘူး။ မိသားစုတွေနဲ့ တွေ့ခွင့်ရပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ အတူ စောင့်အိပ်ရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးထားသည်မှာ ခုနှစ်ရက်ခန့် ကြာနေပြီး ဖြစ်သော်လည်း ပြန်လည် လွတ်မပေးသေးသဖြင့် မိသားများက စိုးရိမ်နေကြသည်ဟု သိရသည်။

“ ရဲကတော့ သူတို့က စစ်ဆေး ပြီးပါပြီ။ သူတို့က သာမန် အရပ်သားတွေ ဖြစ်တယ်ဆိုတာကိုလည်း မင်းပြားရဲတပ်ဖွဲ့ကနေ ပြည်နယ်ကို အစီရင်ခံလိုက်ပြီ သိရပါတယ်။ ဒါပေမယ့် အထက်က အမိန့်ကျမလာသေးတဲ့ အတွက် လွတ်မပေးနိုင်ဘဲ  ကြန့်ကြာနေတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်” ဟု သူက ပြောသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ကချင်ပြည်နယ် မိုးကုတ်မြို့နယ် စိုင်းတောင်အနီး   နတ်မော်တွင် အလုပ်လုပ်နေခဲ့သူများဖြစ်ပြီး မိသားစုရှင်ပြုမည်ဖြစ်၍ ပြန်လာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်မှာ လှုပ်ရှားနေသည့် ရက္ခိုင့်တပ်မတော် (AA)  မှ ရဲဘော်များ ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာသည်ဟု ဆိုသည့် သတင်းများ ရရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက  ကချင်က ပြန်လာသူများကို စစ်ဆေး မေးမြန်းမှုများ ရှိနေကြောင်း သိရသည်။

ယခု ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးမှာ ရိုးမမန္တလာကားဖြင့် မင်းပြားသို့ ပြန်လည် လိုက်ပါလာသူများ ဖြစ်ကြပြီး ယင်းကားသမားထံမှ လိုက်ပါလာသူ စာရင်းကို ရဲက တောင်းယူပြီးနောက် သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောဆိုသည်။

သူတို့နှစ်ယောက်ကို အခြားအချုပ်သားများအတူ ရောထားခြင်းမရှိဘဲ အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းထားကာ ယင်းကျေးရွာမှ ရွာသား သက်သေတစ်ယောက်ကိုလည်း ရဲစခန်းထဲတွင် အတူအိပ်စေပြီး ရဲကနှိပ်စက်မှု မရှိကြောင်းကို ရှင်းပြနိုင်ရန်ဖြစ်သည်ဟု ဦးစံသိန်းက ဆိုသည်။

ယင်းနှစ်ယောက်ကို ခေါ်ယူ မထိန်းသိမ်းမီ ကချင်ပြည်နယ်ကပြန်လာသော ရခိုင် အမျိုးသားတစ်ဦးကိုလည်း  ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ရဲကပြောဆိုကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်မှာ မြန်မာအစိုးရနှင့် အပစ်ရပ်ထားသော အဖွဲ့အစည်း တစ်ခု မဟုတ်သော်လည်း ကျောက်ဖြူတွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ခွင့် ရခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် ရရှိခဲ့သည်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်မှ ပါဝင်ပတ်သက်မှု ရှိနေသဖြင့် နောက်ပိုင်းတွင် အာဏာပိုင်များဘက်မှ သဘောထား ပြောင်းလဲသွားပြီး သူတို့ နှင့် ဆက်စပ် လူပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိရဉ္စ သတင်း

ဖော်​ပြထားပါ​ရေ

Arakan new

ကချင်ရောက် ရခိုင်များထဲမှ ပထမအသုတ် လူပေါင်း တစ်သိန်း နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ဆွေးနွေး

စံမောင်သန်း
စစ်တွေ

အလိုတော်ပြည့် ဆရာတော်ကြီး အမှူးထားပြီး ကချင်ရောက်
ရခိုင်များ နေရပ်ပြန်နိုင်ရေး
ရခိုင်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးနေကြစဉ်။

ကချင်ပြည်နယ်တွင် အလုပ်လုပ်ရန်သွားရောက်ရာမှ ဒုက္ခရောက်နေကြရသော ရခိုင်တိုင်းရင်းသားများကို ရခိုင်ပြည်နယ်သို့ ပြန်လည်ရွှေ့ပြောင်းအခြေချပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တွေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲအား မတ်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် အလိုတော်ပြည့်ဆရာတော်ကြီးအား အမှူးထားပြီး  ပြုလုပ်ခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ကိုအောင်ဆန်းလင်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ဝန်ကြီးချုပ်ကတော့ ကချင်ရောက် ရခိုင် လူမျိုး တစ်သိန်းကို ပထမအသုတ်အနေနဲ့ ပြန်လည် နေရာ ချထားပေးဖို့ရယ်၊ နောက်ပြီး သူတို့နေထိုင်ဖို့  အိမ်ယာခြံမြေတွေ၊ အလုပ်အကိုင်တွေနဲ့ စားနပ်ရိက္ခာတွေကို အနည်းဆုံး ၃ လစာကူညီပေးသွားမယ်လို့ ကတိခံခဲ့တယ်” ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုရလဒ်အား ကိုအောင်ဆန်းလင်းက နိရဉ္စရာသို့ ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ယင်းဒေသတွင် အလုပ်လုပ်နေသူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့်  ရခိုင်လူမျိုးများ အနေဖြင့် အလုပ် ရှာဖွေ လုပ်ကိုင်ရာတွင် အခက်အခဲ များနှင့် ကြုံတွေ့လာသည်ဟု သိရသည်။

“ကချင်ရောက်ရခိုင်တိုင်းရင်းသားတွေထဲက နေရပ်ပြန်ချင်တဲ့သူတွေကို ပြန်ပို့နိုင်ဖို့ ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေး နားလည်မှု ရရှိထားပြီးဖြစ်ပါတယ်။ အခုလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖိတ်ခေါ်တဲ့ အတွက် လာရောက်ဆွေးနွေးတာပါ”ဟု ကိုအောင်ဆန်းလင်းက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် ရှားပါး၍ လာရောက်လုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂ သိန်းကျော်ရှိသည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တဆင့် သိသည်။

ကချင်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် ကချင်ပြည်နယ်တွင် ဒုက္ခရောက်နေသော ရခိုင်အမျိုးသား ၄ဝဝ ကျော်ကို ၂၀၁၄ ခုနှစ်က ကချင်ပြည်နယ် အစိုးရ၏ကူညီမှုဖြင့် နှစ်သုတ်ခွဲ၍ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ပြန်ပို့သူများထဲမှ တစ်ချို့သည် ရခိုင်ပြည်နယ်တွင် ဆွေမျိုးများမရှိခြင်းနှင့် အလုပ်အကိုင် အဆင်မပြေ၍ ကချင်ပြည်နယ်သို့ ပြန်လည်သွားရောက်ကာ အလုပ်လုပ်နေကြကြောင်းလည်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။

ယင်းသို့ အဖြစ်အပျက်မျိုး နောက်ထပ်မပေါ်ပေါက်စေရန် ရခိုင်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံပြီး သူတို့အားပြန်လည်နေရာချထားရေး၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးပေးနိုင်ရေးတွက် ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန​ဖော်​ပြထားပါ​ရေ ......
   Arakan new

Sunday, March 8, 2015

အမျိုးတိအတွက်

မင်္ဂလာပါ အမျိုးရှ့ အမျိုး​​တိအတွက်​သတင်း​ချေတိကို တင်​ပီးချင်​ပါ​ရေ 

ရခိုင်​သတင်းနဲ့ဖက်​မိ
ရေသတင်း​ချေတိကိုလဲတင်​ပီးချင်​ပါ​ရေ 
ရေ: